BURMESE VERSION
ပလက်တီနမ်နှင့် ရွှေဖြူ ကွာခြားချက်
ပလက်တီနမ် ဆိုတာ အဖြူရောင်ဂုဏ်သတ္တိရှိသော သဘာဝတွင်းထွက် သတ္ထု ပဲဖြစ်တယ်။
ရွှေဖြူဆိုတာကတော့ ရွှေကို အဖြူရောင် သတ္တုနှင့် ရောစပ်ပြီး ပြုလုပ်ထားခြင်းဖြစ်တယ်။
အပြင်ပန်းကြည့်မယ်ဆိုရင် နှစ်ခုလုံးက အဖြူရောင်ဖြစ်တဲ့အတွက် တူတယ်လို့ထင်ရပင်မဲ့ သူတို့ရဲ့ ဂုဏ်သတ္တိတွေဟာ အများကြီး ကွဲလွဲပါတယ် ။
ပထမဆုံး အနေနဲ့ ဂုဏ်သတ္တိ တစ်ခုစီမှာ ရှိတဲ့ အမျိုးအစားများကို ဖော်ပြပေးသွားပါမယ်။
ပလက်တီနမ် (Platinum)
ပလက်တီနမ် ကို ပါဝင်တဲ့ ရာခိုင်နှုန်းပေါ်မူတည်ပြီး Pt999 , Pt990 , Pt950 ဆိုပြီး သုံး မျိုးခွဲပါတယ် ။
Pt 999 - Pt 999 ဆိုတာ 99.9 % သန့်စင်ပြီး ပလက်တီနမ်သတ္တု ပါဝင်ပါတယ်။
Pt 990 - Pt 990 ဆိုတာ 99.0 % သန့်စင်ပြီး ပလက်တီနမ်သတ္တု ပါဝင်ပါတယ်။
Pt 950 - Pt 950 ဆိုတာ 95.0 % သန့်စင်ပြီး ပလက်တီနမ်သတ္တု ပါဝင်ပါပြီး 5 % က Cobalt ဆိုသော သတ္တုတစ်မျိုးပါဝင်ပါတယ်။
ရွှေဖြူ (White Gold)
ရွှေဖြူ ကိုလည်း ပါဝင်တဲ့ ရာခိုင်နှုန်း ပေါ်မူတည်ပြီး 18K (Au-750) နှင့် 14K (Au-585) ဆိုပြီး နှစ်မျိုးခွဲပါတယ်။ ( မြန်မာပြည်ဈေးကွက်တွင် ဤ နှစ်မျိုးသာ အသုံးများသောကြောင့် နှစ်မျိုးသာခွဲပြထားခြင်းဖြစ်သည်။ 9K ,10K, 22K ဆိုပြီးလည်း ခွဲနိုင်သည်။)
Au ဆိုတာ ရွှေ ကို ကိုယ်စားပြုသော သင်္ကေတဖြစ်သည်။
K ဆိုတာ Karat (ခေါ်) ရွှေပါဝင်သော အလေးချိန်ကို ညွန်းသည်။
18K (သို့) Au-750 - Au-750 ဆိုတာ 75% ရွှေ ( Gold ) ပါဝင်ပြီး 25 % မှာ Silver , Manganese ,Palladium တို့ ပါဝင်ပါတယ်။ ( 24K ဆိုတာ 100% ရွှေရည် အပြည့်ကို ဆိုလိုပြီး 18K က 18/24 ပဲပါတာဖြစ်လို့ 75% ရွှေပါတာပဲဖြစ်တယ်။)
14K(သို့) Au-585 - Au-585 ဆိုတာ 58.5% ရွှေ ( Gold ) ပါဝင်ပြီး 41.5 % မှာ Silver , Manganese ,Palladium တို့ ပါဝင်ပါတယ်။ (14K က 14/24 ပဲပါတာဖြစ်လို့ 58.5 % ရွှေပါတာပဲဖြစ်တယ်။)
ဒါကိုကြည့်ခြင်းအားဖြင့် 18K နှင့် 14K ယှဉ်မယ်ဆိုလျှင် 18K ဟာ အရည်အသွေးပိုကောင်းတာကို တွေ့ရပါတယ်။
18K ရွှေဖြူကို အရောင် နှင့်လည်း White Gold , Pink Gold , Yellow Gold ဆိုပြီး ထပ်မံ ခွဲခြားနိုင်ပါတယ် ။
White Gold - 75% Pure Gold + 25 % Silver , Manganese , Palladium
Pink Gold - 75% Pure Gold + 25% Copper
Yellow Gold - 75% Pure Gold + 25% Copper , Zinc
ပလက်တီနမ် နှင့် ရွှေဖြူ ကို အရည်အသွေးပေါ်မူတည်ပြီးတော့ ခွဲခြားပြပြီးတဲ့ နောက်မှာ သူတို့ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိ များနဲ့ မတူတဲ့ အချက်များကို ထပ်မံ ခွဲခြားပြသွားပါမယ်။
တာရှည်ခံမှု ( Durability ) နှင့် မာကြောမှု ( Hardness )
အထက်ဖော်ပြပါ MOH Hardness Scale အရ ရွှေ ရဲ့ မာကြောမှု က ၂.၅ နှင့် ပလက်တီနမ်ရဲ့ မာကြောမှု က ၄ ရှိနေတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် ပလက်တီနမ်ဟာ ရွှေဖြူထက် ပို၍ မာကြောပါတယ် ။ပိုမာတဲ့ အတွက်ကြောင့်လည်း ခြစ်/ပွန်း တဲ့ ဒဏ်ကို ပိုခံနိုင်အားရှိပါတယ်။
နောက်တစ်ချက်က ပလက်တီနမ် ဟာ ပိုပြီး တာရှည် ခံ ပါတယ် ။ ဘာလို့လည်းဆိုရင် သူ့မှာထူးခြားချက်တွေရှိပါတယ်။
ရွှေဖြူကိုပဲ အရင် ပြောပါမယ်။
ဥပမာ - ရွှေဖြူလက်စွပ် တစ်ကွင်းဟာ ၀တ်တာကြာလာရင် အတွင်းက ရွှေပါတဲ့ အတွက်ကြောင့် ရွှေရောင်ပေါ်လာပါတယ် ။ အပေါ်ယံ အလွှာဟာ ပွတ်တာ၊ပွန်းတာ၊ခြစ်တာတွေများပြီးတော့ ရွှေရောင် ပေါ်လာတဲ့ အပြင် အလေးချိန်ပါ လျော့သွားတာကို တွေ့ရပါတယ်။
ပလက်တီနမ်လက်စွပ် ဆိုရင် အတွင်းကလည်း ပလက်တီနမ် အဖြူ ပဲ ဖြစ်တဲ့ အတွက် လုံးဝ အရောင်ပြောင်းလဲခြင်းမရှိပါဘူး ။ အဲ့ဒါအပြင် ထူးခြားတာက ပွတ်တာ၊ပွန်းတာ ၊ ခြစ်တာ များ ပင်မဲ့လည်း အလေးချိန်က လုံးဝလျော့သွားခြင်းမရှိပါဘူး ။ ဘာလို့ လည်း ဆိုရင် ရွေ့လျားမှု ဂုဏ်သတ္တိ ရှိလို့ပါပဲ ။ ရွေ့လျားမှု ဂုဏ်သတ္တိ ဆိုတာ ဘာလဲ ဆိုတော့ ဥပမာ နဲ့ပြောရရင် ကမ်းစပ်က သဲပြင် မှာ သစ်ကိုင်းခြောက်နဲ့ ခြစ်လိုက်ရင် မြင်ရသလိုပဲ ပလက်တီနမ်ကို ခြစ်မိသွားရင်လည်း အကြောင်းရာလေးနဲ့ သူဘေးကိုရွေ့သွားတဲ့ သတ္တုပမာဏ ကို တွေ့မြင်ရမှာဖြစ်ပါတယ်။လွင့်စင်သွားတာ မဟုတ်တဲ့အတွက် သူ့အလေးချိန်ဟာလည်း လျော့မသွားပဲ ပိုပြီးတာရှည်ခံတာကို တွေ့ရပါတယ် ။
တောက်ပမှု ( Shining )
ရွှေဖြုဟာ ပြို့ပီးတောက်ပပြီး ပိုလက်တာကို တွေ့ရပါတယ်။
ဝတ်တာကြာလာတဲ့ အမျှ နှစ်ခုလုံးဟာ အရောင်မှိန်လာပါတယ်။ဒါပင်မဲ့ Rhodium အရည်နဲ့ ပြန်လည်အရောင်တင်လို့ရပါတယ်။
ရွှေဖြူက အရောင်ပြောင်းတာမြန်ပင်မဲ့ ပလက်တီနမ်က တော့ တော်တော်ကြာမှ အရောင် မှိန်သွားတတ်တာဖြစ်ပါတယ်။အဲ့ဒါကလည်း ဘာလို့လည်းဆိုရင် လေထုထဲမှာ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် နှင့် ထိတွေ့ပြီး Natural Patina ဆိုတဲ့ အမှေးပါးအလွှာပါးပါးလေးဖြစ်ပေါ်လာလို့ပါ။ တစ်ချို့ကလည်း အဲ့လိုဖြစ်လာတာလေးကို ကြိက်နှစ်သက်ပြီးဝတ်ဆင်ကြသလို မနှစ်သက်တဲ့သူများကလည်း အရောင်ပြန်တင်ကြပါတယ်။
ဈေးနှုန်း ( Price )
ပလက်တီနမ်ဟာ ရွှေဖြူထက် အောက်ပါအချက်တွေကြောင့် ဈေးအများကြီးပိုပါတယ် ။
ပလက်တီနမ် ဟာ ပိုပြီးသန့်စင်ပါတယ်။
ပလက်တီနမ် ဟာ သိပ်သည်းဆ ပိုများပါတယ်။ အဲ့ဒါကြောင့် အထည်လုပ်တဲ့ အခါမှာ သတ္တုပိုလိုသလို လုပ်ရတာပိုခက်တဲ့အတွက် လုပ်အားခလည်းပိုပါတယ်။
နောက်တစ်ချက် က ပလက်တီနမ်ဟာ ရွှေထက်ကို ၃၅ ဆ ပို ရှားတယ်လို့ပြောပါတယ်။ဘာလို့လည်းဆိုတော့ ၁၀ တန် ရှိသော ပလက်တီနမ် အရိုင်း တုံးကနေ သန့်စင်ပြီး ပလက်တီနမ် တစ်အောင်စ သာ ထွက်တဲ့ အတွက်ကြောင့်ပါ။ ပြီးတော့ ပလက်တီနမ်ထွက်ရှိတဲ့ နေရာဟာလည်း ရွှေနှင့် ယှဉ်လျှင် တော်တော်နည်းပါတယ်။
အထက်ပါ ပုံအရ ပလက်တီနမ်ကို တောင်အာဖရိကမှာ ၇၃% အများဆုံးတွေ့ရပြီး ရရှားမှာ ၁၃% တွေ့ရပါတယ်။ ရွှေကိုတော့ ကမ္ဘာနေရာတော်တော်မျာျးများမှာ တွေ့ရပါတယ်။ ၂၀၁၄ မှာ ရွှေအများဆုံးထွက်ရှိတဲ့နေရာဟာ တရုတ်နိုင်ငံဖြစ်တယ်လို့ USGS.Gov ရဲ့ Survey ကဖော်ပြထားပါတယ်။
အခုလောက်ဆိုရင် ပလက်တီနမ်နှင့် ရွှေဖြူကို ကွဲကွဲပြားပြား သိလောက်ပြီလို့ ယူဆမိပါတယ်။
အဲ့ဒီတော့ သူတို့ နှစ်ခုမှာ ကိုယ်စီ အားသာချက် ၊ အားနဲချက်တွေ ရှိနေတဲ့ အတွက်ကြောင့် ဘယ်ဟာ ပိုကောင်းတယ် မကောင်းဘူးထက် ကိုယ်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ် ၀တ်ဆင်နိုင်ဖို့ အတွက် အောက်က ဇယားမှာ ဖော်ပြပေးလိုက်ပါတယ်။
သတ္တု | အားသာချက် | အားနည်းချက် |
ပလက်တီနမ် | ပိုမိုကြာရှည်ခံတယ်
ပိုမိုကျစ်လစ် သိပ်သည်းတယ် ပိုမိုမာကြော အကြမ်းခံတယ် မတည့်တဲ့လူ မရှိသလောက် ရှားတယ် (လူတိုင်းနဲ့ တည့်) |
ရွှေဖြူထက် ဈေးပိုတယ် ။ ဒီဇိုင်းပိုင်းမှာ ရွှေဖြူလောက် မစုံလင်ဘူး၊ |
ရွှေဖြူ (or ) White Gold |
ဈေးက သင့်တင့်တဲ့အတွက်ကြောင့် လူတိုင်း ၀တ်ဆင်နိုင်တယ်။ | ၀တ်တာကြာလာရင်တော့ အလွယ်တကူ ရွှေရောင်ပြောင်းသွားတယ်။ |
ရွှေနီ (or) Pink Gold |
Copper နဲ့ အုပ်ထားတဲ့ အတွက် ရွှေဖြူထက် ပိုကြာရှည်ခံတယ်။ | Copper နှင့် မတည့်သောသူများအတွက် Allergic ဖြစ်နိုင်တယ်။ |
ရွှေဝါ (or) White Gold |
မတည့်တဲ့သူ ရှားတယ်။အထည်ခက်ရတာ လွယ်ကူတယ်။ |
အလွယ်တကူ ခြစ်ရာ ပွန်းရာ ဖြစ်လွယ်တယ်။ ကြာရင် အလေးချိန် လျော့တတ်တယ်။ |
နောက်ဆုံး အချုပ်အနေနဲ့ ပြောရရင် လက်ရှိ မြန်မာပြည်ဈေးကွက်အရ ရွှေဖြူကို ပိုမိုဝတ်ဆင်ကြပါတယ်။ဘာလို့လဲဆိုတော့ ဈေးနှုန်းသင့်တင့်တာနဲ့ ဒီဇိုင်း စုံလင်တာကြောင့် ပါပဲ။ပလက်တီနမ်ကို ဘယ်လို အချိန်မှာ ၀တ်ဆင်လဲဆိုရင် သူ့ရဲ့ ဖော်ပြပါ ဂုဏ်သတ္တိတွေကြောင့် Couple Rings, Wedding Rings တွေအနေနဲ့ တန်ဖိုးထား ၀တ်ဆင်ကြပါတယ်။ အနောက်နိုင်ငံတွေမှာ ပလက်တီနမ်ဟာ ဖြူစင်သန့်ရှင်းတဲ့ အချစ်တွေနဲ့ ထာဝရတည်တံ့စေပြီး ဘယ်တော့မှ မပြောင်းလဲဘူးဆိုတဲ့ အဓိပ္ပါယ် နဲ့ တန်ဖိုးထား ၀တ်ဆင်ကြပါတယ်။
စာဖတ်သူအားလုံးလည်း မှန်ကန်တဲ့ရွေးချယ်မှု နှင့် အတူ မိမိရဲ့ သဘာဝအလှတရားကို ထပ်လောင်းဖော်ကြူးးပေးမဲ့ အဖိုးတန် လက်ဝတ်ရတနာများ ၀တ်ဆင်ရင်း ကျေနပ် ဂုဏ်ယူ ပျော်ရွှင် ကြည်နူးနိုင်ကြပါစေ . . . . .
ဆာကူရာ
ပလက်တီနမ် နှင့် ရွှေဖြူ ရတနာဆိုင်
ပလက်တီနမ်နဲ့ ရွှေဖြူမှာရော ပေါက်ဈေးဆိုတာမျိုးရှိလား
1 gram ကိုဘယ်လောက်ဆိုပြီးတော့
အရမ်းကျေးဇူးတင်ပါတယ်
အောင်မြင်ပါစေ Sakura
Thank you for sharing!